World Oral Heal Day 2023 (Betadine)

လည်ချောင်းကျန်မားရေးမကောင်းရင် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာသိလား

Posted by ZP Health on

လည်ချောင်းကျန်မားရေးမကောင်းရင် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာသိလား

ခံတွင်းကျန်းမာရေးဆိုရာတွင် သွားသန့်ရှင်းရေးအပြင် သွားဖုံးနှင့် ၎င်းတို့ကို ပံ့ပိုးပေးသည့် တစ်ရှူးများ၊ အာခေါင်၊ ပါးစပ်နှင့် လည်ချောင်းအတွင်းပိုင်း၊ လျှာ၊ နှုတ်ခမ်း၊ တံတွေးဂလင်းများ၊ အစာဝါးရာတွင် အသုံးပြုသော ကြွက်သားများ၊ အာရုံကြောများ၊ အပေါ်နှင့် အောက်မေးရိုးများ ပါဝင်ပါသည်။ ပါးစပ်နှင့် လည်ချောင်းတို့သည် ခန္ဓာကိုယ်ထဲသို့ အစာ၊ အရည်နှင့် လေတို့ အတွက် ဝင်ပေါက်များဖြစ်သဖြင့် ရောဂါများ အလွယ်တကူ ကူးစက်နိုင်ပါသည်။ ခံတွင်းနှင့် လည်ချောင်းကျန်းမာရေးချို့တဲ့ပါက အထွေထွေကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ပါးစပ်နှင့် လည်ချောင်းအတွင်းမှ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများသည် ခံတွင်းထဲမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောဂါပိုးများ ပျံ့နှံ့သွားနိုင်ပါသည်။ ဥပမာအားဖြင့် Strepဘက်တီးရီးယားကြောင့်ဖြစ်သော လည်ချောင်းရောဂါကို မကုသပဲထားပါက ထိုမှတစ်ဆင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ကူးစက်သွားနိုင်ပြီး နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါများကဲ့သို့သော ပြင်းထန်သည့် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။ ပြင်းထန်သော ခံတွင်းနှင့်လည်ချောင်းရောဂါရှိသူများသည် အစာဝါးရာ၊ မျိုချရာတွင်လည်း အခက်အခဲရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အာဟာရ ချို့တဲ့ကာ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး ရှိရင်းစွဲ ရောဂါအခြေအနေများကိုလည်း ပိုမိုဆိုးရွား စေနိုင်ပါသည်။ ခံတွင်းနှင့် လည်ချောင်းကျန်းမာရေး ချို့တဲ့ပါက ရုပ်ပိုင်းဆိုင်ရာ ရောဂါများအပြင် စိတ်ကျန်းမာရေးလည်း ထိခိုက်နိုင်ပါသည်။ နာတာရှည် ခံတွင်းရောဂါရှိသူများသည် နာကျင်မှုနှင့် ရှက်ရွံ့မှုတို့ကြောင့် အထီးကျန်ခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်းတို့ကို ခံစားရနိုင်ပြီး ထိုမှတစ်ဆင့် စိတ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ခံတွင်းကျန်းမာရေး ချို့တဲ့ခြင်းကြောင့် ရောဂါပိုးဝင်ခြင်း၊ နာတာရှည်ရောဂါများနှင့် စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ခံတွင်းနှင့်...

Read more →

ခံတွင်းကျန်းမာရေးအတွက်ဘယ်လိုလုပ်ဆောင်ရမလဲ

Posted by ZP Health on

ခံတွင်းကျန်းမာရေးအတွက်ဘယ်လိုလုပ်ဆောင်ရမလဲ

ခံတွင်းကျန်းမာရေးသည် အထွေထွေကျန်းမာရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွား၊ သွားဖုံးနှင့် လည်ချောင်းများကို ဂရုစိုက်ခြင်းဖြင့် သွားပိုးစားခြင်း၊ သွားဖုံးရောဂါနှင့် ခံတွင်းနံ့ဆိုးများအပါအဝင် ခံတွင်းရောဂါပြဿနာများစွာကို ကာကွယ်ပေးနိုင်ပါသည်။ သင်၏ခံတွင်းကျန်းမာရေးကောင်းမွန်စေရန်နှင့် သွား၊ သွားဖုံးနှင့် လည်ချောင်းများကို ကျန်းမာအောင်ထိန်းသိမ်းရန် အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ သွားတိုက်ခြင်း။ တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ခြင်းသည် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းရာတွင် အရေးကြီးဆုံး အဆင့်တစ်ခုဖြစ်ပါသည်။ ဖလိုရိုက်သွားတိုက်ဆေးနှင့် အမွေးအမျှင်ပျော့ပျောင်းသော သွားတိုက်တံကို အသုံးပြုပြီး သွားအတွင်းအပြင် မျက်နှာပြင်အားလုံးကို အနည်းဆုံး နှစ်မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးပါ။ သွားဖုံးရောဂါဖြစ်စေနိုင်‌သော အစာအမှုန်အမွှားများကို ဖယ်ရှားရန်အတွက် သွားဖုံးတစ်လျှောက်ကိုပါ သေချာပွတ်တိုက်ပေးပါ။ သွားပွတ်ကြိုးထိုးခြင်း။ သွားပွတ်ကြိုးထိုးခြင်းသည် ခံတွင်းသန့်ရှင်းရေးအတွက် အရေးပါသဖြင့် တစ်နေ့တစ်ကြိမ် ပြုလုပ်သင့်ပါသည်။ သွားပွတ်ကြိုးတစ်ချောင်းကို အသုံးပြု၍ သွားတစ်ချောင်းစီနှင့် သွားဖုံးကြားတစ်လျှောက် ညင်သာစွာ သန့်စင်ခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါဖြစ်စေနိုင်သော အစာအမှုန်များကို ဖယ်ရှားရန် ကူညီပေးပါသည်။ ပလုပ်ကျင်းဆေးရည် အသုံးပြုခြင်း။ ပလုပ်ကျင်းဆေးရည် အသုံးပြုခြင်းသည် ခံတွင်းနံ့ဆိုးနှင့် သွားဖုံးရောဂါဖြစ်စေသော ဘက်တီးရီးယားများကို သေစေနိုင်ပါသည်။ ဖလိုရိုက်ပါရှိသော ပလုပ်ကျင်းဆေးရည်သည် သင့်သွားများကို ခိုင်မာစေပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်သည်။ BETADINE® Gargle and Mouthwash ကဲ့သို့သော povidone iodine ပိုးသတ်ဆေးပါသည့် ပလုပ်ကျင်းဆေးရည်ကို အသုံးပြုခြင်းဖြင့်လဲ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုကဲ့သို့သော ရောဂါပိုးများစွာကို သေစေနိုင်ပြီး လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ လည်ချောင်းနာခြင်းသည် အအေးမိခြင်း သို့မဟုတ် တုပ်ကွေး၏ စဦးလက္ခဏာဖြစ်သောကြောင့် သင့်မိသားစုထံ ကူးစက်ခြင်းမှ ကာကွယ်ရန်...

Read more →