လည်ချောင်းကျန်မားရေးမကောင်းရင် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာသိလား

Posted by ZP Health on

ခံတွင်းကျန်းမာရေးဆိုရာတွင် သွားသန့်ရှင်းရေးအပြင် သွားဖုံးနှင့် ၎င်းတို့ကို ပံ့ပိုးပေးသည့် တစ်ရှူးများ၊ အာခေါင်၊ ပါးစပ်နှင့် လည်ချောင်းအတွင်းပိုင်း၊ လျှာ၊ နှုတ်ခမ်း၊ တံတွေးဂလင်းများ၊ အစာဝါးရာတွင် အသုံးပြုသော ကြွက်သားများ၊ အာရုံကြောများ၊ အပေါ်နှင့် အောက်မေးရိုးများ ပါဝင်ပါသည်။

ပါးစပ်နှင့် လည်ချောင်းတို့သည် ခန္ဓာကိုယ်ထဲသို့ အစာ၊ အရည်နှင့် လေတို့ အတွက် ဝင်ပေါက်များဖြစ်သဖြင့် ရောဂါများ အလွယ်တကူ ကူးစက်နိုင်ပါသည်။ ခံတွင်းနှင့် လည်ချောင်းကျန်းမာရေးချို့တဲ့ပါက အထွေထွေကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

ပါးစပ်နှင့် လည်ချောင်းအတွင်းမှ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများသည် ခံတွင်းထဲမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောဂါပိုးများ ပျံ့နှံ့သွားနိုင်ပါသည်။ ဥပမာအားဖြင့် Strepဘက်တီးရီးယားကြောင့်ဖြစ်သော လည်ချောင်းရောဂါကို မကုသပဲထားပါက ထိုမှတစ်ဆင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ကူးစက်သွားနိုင်ပြီး နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါများကဲ့သို့သော ပြင်းထန်သည့် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။

ပြင်းထန်သော ခံတွင်းနှင့်လည်ချောင်းရောဂါရှိသူများသည် အစာဝါးရာ၊ မျိုချရာတွင်လည်း အခက်အခဲရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အာဟာရ ချို့တဲ့ကာ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး ရှိရင်းစွဲ ရောဂါအခြေအနေများကိုလည်း ပိုမိုဆိုးရွား စေနိုင်ပါသည်။

ခံတွင်းနှင့် လည်ချောင်းကျန်းမာရေး ချို့တဲ့ပါက ရုပ်ပိုင်းဆိုင်ရာ ရောဂါများအပြင် စိတ်ကျန်းမာရေးလည်း ထိခိုက်နိုင်ပါသည်။ နာတာရှည် ခံတွင်းရောဂါရှိသူများသည် နာကျင်မှုနှင့် ရှက်ရွံ့မှုတို့ကြောင့် အထီးကျန်ခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်းတို့ကို ခံစားရနိုင်ပြီး ထိုမှတစ်ဆင့် စိတ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

ခံတွင်းကျန်းမာရေး ချို့တဲ့ခြင်းကြောင့် ရောဂါပိုးဝင်ခြင်း၊ နာတာရှည်ရောဂါများနှင့် စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ခံတွင်းနှင့် လည်ချောင်းကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းရန်လိုအပ်ပြီး ခံတွင်း သို့မဟုတ် လည်ချောင်းဆိုင်ရာ ‌ရောဂါများဖြစ်ပေါ်လာပါက အမြန်ကုသမှုခံယူရန် အရေးကြီးပါသည်။ ထိုသို့ခံတွင်းနှင့် လည်ချောင်းကျန်းမာရေးကို ဂရုစိုက်ခြင်းအားဖြင့် ရောဂါများစွာကို ကာကွယ်နိုင်ပြီး ပိုမိုကောင်းမွန်သော ကျန်းမာသုခကို ခံစားရနိုင်မည်မှာ အသေအချာဖြစ်ပါသည်။

 

Oral health is much more than clean teeth. It also includes the gums and their supporting tissues, the palate, the lining of the mouth and throat, the tongue, the lips, the salivary glands, the chewing muscles, the nerves, and the bones of the upper and lower jaws.

Oral and throat health are important components of overall health and wellbeing. The mouth and throat are entry points for food, drink, and air into the body, and as such, they are vulnerable to a wide range of infections and diseases. Poor oral and throat health can have serious consequences for general health.

One of the most significant ways that oral and throat health can affect general health is through the spread of infections. Bacteria and viruses can easily enter the body through the mouth and throat, leading to infections that can spread to other parts of the body. For example, untreated strep throat can travel to other body parts and cause serious health problems such as rheumatic heart disease and glomerulonephritis (kidney disease).

People with severe oral and throat health problems can sometimes find it difficult to chew and swallow normally. This can result in compromise nutrition, which can in turn impair general health and make existing health conditions worse.

In addition to the physical health risks, poor oral and throat health can also have negative effects on mental health and wellbeing. People with chronic oral and throat conditions may experience pain, discomfort, and embarrassment, which can lead to feelings of isolation and low self-esteem. This, in turn, can have negative effects on mental health, leading to anxiety and depression.

As poor oral health can lead to infections, chronic diseases, and mental health problems, maintaining good oral and throat health is essential for promoting overall health, and it is crucial to seek prompt treatment for any oral or throat conditions. By prioritizing oral and throat health, individuals can protect themselves from a wide range of health problems and enjoy better wellbeing.

 

Reference:

Benjamin, R. M. (2010). Oral health: the silent epidemic. Public health reports125(2), 158-159.

Australian Institute of Health and Welfare. Oral health and dental care in Australia (2018). Available from: https://www.aihw.gov.au/reports/dental-oral-health/oral-health-and-dental-care-in-australia

Kanagalingam, J., Feliciano, R., Hah, J. H., Labib, H., Le, T. A., & Lin, J. C. (2015). Practical use of povidone-iodine antiseptic in the maintenance of oral health and in the prevention and treatment of common oropharyngeal infections. International journal of clinical practice, 69(11), 1247–1256.

 

 


Share this post



← Older Post


0 comments

Leave a comment