ခံတွင်းကျန်းမာရေးအတွက်ဘယ်လိုလုပ်ဆောင်ရမလဲ

Posted by ZP Health on

ခံတွင်းကျန်းမာရေးသည် အထွေထွေကျန်းမာရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွား၊ သွားဖုံးနှင့် လည်ချောင်းများကို ဂရုစိုက်ခြင်းဖြင့် သွားပိုးစားခြင်း၊ သွားဖုံးရောဂါနှင့် ခံတွင်းနံ့ဆိုးများအပါအဝင် ခံတွင်းရောဂါပြဿနာများစွာကို ကာကွယ်ပေးနိုင်ပါသည်။ သင်၏ခံတွင်းကျန်းမာရေးကောင်းမွန်စေရန်နှင့် သွား၊ သွားဖုံးနှင့် လည်ချောင်းများကို ကျန်းမာအောင်ထိန်းသိမ်းရန် အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သွားတိုက်ခြင်း။

တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ခြင်းသည် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းရာတွင် အရေးကြီးဆုံး အဆင့်တစ်ခုဖြစ်ပါသည်။ ဖလိုရိုက်သွားတိုက်ဆေးနှင့် အမွေးအမျှင်ပျော့ပျောင်းသော သွားတိုက်တံကို အသုံးပြုပြီး သွားအတွင်းအပြင် မျက်နှာပြင်အားလုံးကို အနည်းဆုံး နှစ်မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးပါ။ သွားဖုံးရောဂါဖြစ်စေနိုင်‌သော အစာအမှုန်အမွှားများကို ဖယ်ရှားရန်အတွက် သွားဖုံးတစ်လျှောက်ကိုပါ သေချာပွတ်တိုက်ပေးပါ။

သွားပွတ်ကြိုးထိုးခြင်း။

  1. သွားပွတ်ကြိုးထိုးခြင်းသည် ခံတွင်းသန့်ရှင်းရေးအတွက် အရေးပါသဖြင့် တစ်နေ့တစ်ကြိမ် ပြုလုပ်သင့်ပါသည်။ သွားပွတ်ကြိုးတစ်ချောင်းကို အသုံးပြု၍ သွားတစ်ချောင်းစီနှင့် သွားဖုံးကြားတစ်လျှောက် ညင်သာစွာ သန့်စင်ခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါဖြစ်စေနိုင်သော အစာအမှုန်များကို ဖယ်ရှားရန် ကူညီပေးပါသည်။

ပလုပ်ကျင်းဆေးရည် အသုံးပြုခြင်း။

ပလုပ်ကျင်းဆေးရည် အသုံးပြုခြင်းသည် ခံတွင်းနံ့ဆိုးနှင့် သွားဖုံးရောဂါဖြစ်စေသော ဘက်တီးရီးယားများကို သေစေနိုင်ပါသည်။ ဖလိုရိုက်ပါရှိသော ပလုပ်ကျင်းဆေးရည်သည် သင့်သွားများကို ခိုင်မာစေပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်သည်။ BETADINE® Gargle and Mouthwash ကဲ့သို့သော povidone iodine ပိုးသတ်ဆေးပါသည့် ပလုပ်ကျင်းဆေးရည်ကို အသုံးပြုခြင်းဖြင့်လဲ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုကဲ့သို့သော ရောဂါပိုးများစွာကို သေစေနိုင်ပြီး လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ လည်ချောင်းနာခြင်းသည် အအေးမိခြင်း သို့မဟုတ် တုပ်ကွေး၏ စဦးလက္ခဏာဖြစ်သောကြောင့် သင့်မိသားစုထံ ကူးစက်ခြင်းမှ ကာကွယ်ရန် စောစီးစွာ ကုသဖို့အရေးကြီးပါသည်။

ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း။

အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန် ကြွယ်ဝသော အစားအစာများကို စားသုံးခြင်းသည် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါသည်။ သွားကြွေလွှာကို တိုက်စားနိုင်ပြီး သွား‌ပေါက်များကိုဖြစ်စေနိုင်သော သကြားပါသော ဆိုဒါများ၊ အာဟာရမပြည့်သော သရေစာများကို ရှောင်ကြဥ်ပါ။

သွားနှင့်ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်း။

သွားနှင့်ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်းနှင့် သန့်ရှင်းခြင်းများသည် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းရာတွင်အရေးကြီးပါသည်။ သင့်သွားဆရာဝန်ထံတွင် သွားပိုးစားခြင်း၊ သွားဖုံးရောဂါနှင့် အခြားခံတွင်းကျန်းမာရေးပြဿနာများကို စစ်ဆေးနိုင်ပြီး သွားနှင့်သွားဖုံးကို မည်ကဲ့သို့ ဂရုစိုက်ရမည်ကို အကြံဥာဏ် ရယူနိုင်ပါသည်။ အနည်းဆုံး တစ်နှစ်တစ်ကြိမ် သွားဆရာဝန်ထံ သွားရောက်စစ်ဆေးသင့်ပြီး အကြိမ်ရေသည် တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

တခြားအကြံပြုချက်များ

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။

အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

ဆီးချိုရောဂါရှိလျှင် ရောဂါထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြင့် သွားဖုံးရောဂါအပါအဝင် အခြားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသော အကြံပြုချက်များကို လိုက်နာခြင်းဖြင့် သွားနှင့်သွားဖုံးများ ကျန်းမာသန်စွမ်းစေပြီး သွားနှင့်ခံတွင်းကျန်းမာရေးပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။ သင့်သွားနှင့်ခံတွင်းကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများရှိပါက သင့်သွားဆရာဝန်နှင့် သေချာစွာဆွေးနွေးပါ။


Share this post



Newer Post →


0 comments

Leave a comment