Health Care Articles

Good oral health with Betadine

Posted by ZP Health on

Good oral health with Betadine

အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာ ရောဂါများသည် အထွေထွေဆေးခန်းများသို့ လာရောက်ပြသရခြင်း၏ အများဆုံးသော အကြောင်းတစ်ရပ်ဖြစ်ပါသည်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းဆိုင်ရာ ရောဂါကူးစက်မှုလက္ခဏာများမှာ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် ဖျားနာခြင်းတို့မှ တစ်ခါတစ်ရံ ပို၍ပြင်းထန်ဆိုးရွားသော လက္ခဏာများ အထိ အမျိုးမျိုးရှိနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထိခိုက်စေနိုင်ပါသည်။ ခံတွင်းနှင့် လည်ချောင်း အမြှေးပါးများတွင် ရောဂါဖြစ်စေနိုင်သော ပိုးမွှားများ ကပ်တွယ်ဝင်ရောက်ခြင်းမှ တစ်ဆင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ပြီး Povidone iodine ပါဝင်သော ဆေးရည်များအသုံးပြုခြင်းဖြင့် ၎င်းရောဂါကူးစက်ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။ Povidone iodine (PVP-I) သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ပရိုတိုဇွာများကဲ့သို့သော ပိုးမွှားများကို သေစေနိုင်သည့် ပိုးသတ်ဆေးလုပ်ဆောင်ချက်ပါရှိသော အိုင်အိုဒိုဖိုဖြစ်သည်။ ထို့ကြောင့် povidone iodine ပါဝင်သော ခံတွင်းဆေးရည်များကို အသုံးပြုခြင်းသည် ခံတွင်းကျန်းမာရေးကောင်းစေရန် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ခံတွင်းကျန်းမာရေးအတွက် Betadine®ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ BETADINE® Gargle & Mouthwash နှင့် BETADINE® Sore Throat Spray တွင် povidone iodine ပါ၀င်သည့်အတွက် ခံတွင်းပိုးဝင်ခြင်းနှင့် အခြားခံတွင်းကျန်းမာရေးပြဿနာများကို ဖြစ်စေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို သေစေနိုင်သော အစွမ်းရှိပါသည်။ ခံတွင်းကျန်းမာရေးအတွက် Betadine®ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ခံတွင်းနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောဂါများကို ကာကွယ်ပေးခြင်း- Betadine® သည် ခံတွင်းနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောဂါများကို ဖြစ်စေသော ဘက်တီးရီးယားများကို သေစေနိုင်သဖြင့် သွားဖုံးရောင်ခြင်းကဲ့သို့သော...

Read more →

လမ်းလျှောက်ခြင်းနှင့်ကိုယ်ဝန်ဆောင်ကျန်းမာရေး

Posted by ZP Health on

လမ်းလျှောက်ခြင်းနှင့်ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန် လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့်🚶‍♀️-သဘာဝအတိုင်း မီးဖွားခြင်းကို အထောက်အကူပြုခြင်း-ကျန်းမာသော ကိုယ်အလေးချိန် ရရှိဖို့ ကူညီပေးနိုင်ခြင်း-ကိုက်ခဲမှုနဲ့ ကိုယ်လက်နာကျင်မှုများကို လျှော့ချပေးနိုင်ခြင်း --ကိုယ်ဝန်ဆိပ်တက်ခြင်းကို သက်သာစေခြင်း-ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့နည်းစေခြင်း-ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုဝေဒနာများကို နည်းပါးစေခြင်း-ဝမ်းချုပ်ခြင်းကို တားဆီးပေးနိုင်ခြင်း-ကောင်းမွန်သော အိပ်စက်ခြင်း ရရှိအောင် အထောက်အပံ့ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင် မေမေတို့လည်း လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းကို ပုံမှန်လေး လုပ်ပေးပြီး မိခင်နဲ့ ကလေးအတွက် လိုအပ်တဲ့အာဟာရများကို ဖြည့်စွက်ပေးမယ့် Physiolac Mom ကိုလည်း သောက်သုံးလို့ ကျန်းမာပျော်ရွှင် ကြပါစေနော် 🥰

Read more →

Omicron & Children

Posted by ZP Health on

Omicron & Children

Omicron ကြောင့်ဆေးရုံတက်နှုန်းက ၄ နှစ်အောက်ကလေးတွေမှာ 49 % ပိုများနေပါတယ် လို့တောင်အာဖရိက အကြီးဆုံးကျန်းမာရေး အာမခံ ပရိုဂရမ်တစ်ခုကဆိုပါတယ်😳 ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်း က ကလေးငယ်အများစု က ကာကွယ်ဆေးထိုးဖို့ အသက်မပြည့်မှိီတာကြောင့် လဲ ပါဝင်နေပါတယ်😐အဲ့တာကြောင့်ကလေးငယ်တွေကိုအထူးဂရုစိုက်ဖို့လိုပါတယ် ၊၊ ကလေးငယ်တွေကို မျက်နှာနဲ့အံဝင်ခွင်ကြဖြစ်တဲ့ mask ကိုတပ်ပေးခြင်း လူထူထပ်တဲ့နေရာများသွားလာခြင်းကိုရှောင်ရှားခြင်းလက်ကိုသေချာဆေးခြင်း​ကိုယ်ခံအားကောင်းစေနဲ့ အစားအစာများ စားစေခြင်းတို့ကိုပြုလုပ်ပေးသင့်ပါတယ် 😀Ref: todaysparent.com/kids/kids-health/things-that-protect-children-from-omicron#ကျန်းမာထက်မြက် ဖီစီရိုလက်

Read more →

နို့တစ်ခွက်မှာပါဝင်တဲ့ အာဟာရတန်ဖိုး

Posted by ZP Health on

နို့တစ်ခွက်မှာပါဝင်တဲ့ အာဟာရတန်ဖိုး

နို့တစ်ခွက်မှာပါဝင်တဲ့အာဟာရတန်ဖိုး 😇မလိုင်ပြည့်နို့တစ်ခွက် (240 စီစီ) မှာဆိုရင်အင်အားဓာတ်က148 ကယ်လိုရီ၊ကစီဓာတ်12 ဂရမ်၊အသားဓာတ်8 ဂရမ်၊အဆီဓာတ်8 ဂရမ်၊ကယ်လဆီယမ်ဓာတ်ကတော့တစ်နေ့တာလိုအပ်ချက်ရဲ့27% နဲ့ဗီတာမင်ဒီတစ်နေ့တာလိုအပ်ချက်ရဲ့31% အထိပါဝင်ပါတယ်။ဒါ့အပြင်ဗီတာမင်အေ၊ဗီတာမင်ဘီ12၊ဗီတာမင်ဘီ6 နဲ့မက်ဂနီဆီယမ်ဓာတ်လည်းပါဝင်ပါတယ်။ 🥰နို့ဟာအသားဓာတ်ကြွယ်ဝပြီးကလေးတစ်ယောက်ကြီးထွားဖို့လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။😍

Read more →