Good oral health with Betadine

Posted by ZP Health on

အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာ ရောဂါများသည် အထွေထွေဆေးခန်းများသို့ လာရောက်ပြသရခြင်း၏ အများဆုံးသော အကြောင်းတစ်ရပ်ဖြစ်ပါသည်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းဆိုင်ရာ ရောဂါကူးစက်မှုလက္ခဏာများမှာ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် ဖျားနာခြင်းတို့မှ တစ်ခါတစ်ရံ ပို၍ပြင်းထန်ဆိုးရွားသော လက္ခဏာများ အထိ အမျိုးမျိုးရှိနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထိခိုက်စေနိုင်ပါသည်။

ခံတွင်းနှင့် လည်ချောင်း အမြှေးပါးများတွင် ရောဂါဖြစ်စေနိုင်သော ပိုးမွှားများ ကပ်တွယ်ဝင်ရောက်ခြင်းမှ တစ်ဆင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ပြီး Povidone iodine ပါဝင်သော ဆေးရည်များအသုံးပြုခြင်းဖြင့် ၎င်းရောဂါကူးစက်ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။

Povidone iodine (PVP-I) သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ပရိုတိုဇွာများကဲ့သို့သော ပိုးမွှားများကို သေစေနိုင်သည့် ပိုးသတ်ဆေးလုပ်ဆောင်ချက်ပါရှိသော အိုင်အိုဒိုဖိုဖြစ်သည်။ ထို့ကြောင့် povidone iodine ပါဝင်သော ခံတွင်းဆေးရည်များကို အသုံးပြုခြင်းသည် ခံတွင်းကျန်းမာရေးကောင်းစေရန် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။

ခံတွင်းကျန်းမာရေးအတွက် Betadine®ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

BETADINE® Gargle & Mouthwash နှင့် BETADINE® Sore Throat Spray တွင် povidone iodine ပါ၀င်သည့်အတွက် ခံတွင်းပိုးဝင်ခြင်းနှင့် အခြားခံတွင်းကျန်းမာရေးပြဿနာများကို ဖြစ်စေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို သေစေနိုင်သော အစွမ်းရှိပါသည်။ ခံတွင်းကျန်းမာရေးအတွက် Betadine®ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ခံတွင်းနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောဂါများကို ကာကွယ်ပေးခြင်း- Betadine® သည် ခံတွင်းနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောဂါများကို ဖြစ်စေသော ဘက်တီးရီးယားများကို သေစေနိုင်သဖြင့် သွားဖုံးရောင်ခြင်းကဲ့သို့သော ခံတွင်းပိုးဝင်ခြင်းများကို ကာကွယ်ပေးသည့်အပြင် ရာသီတုပ်ကွေးနှင့် ဆေးရုံမှကူးစက်တတ်သော အဆုတ်အအေးမိခြင်းတို့ကိုလည်း ကာကွယ်ရန်ပေးနိုင်ပါသည်။ ထို့အပြင် Betadine® သည် ပါးစပ်နှင့် လည်ချောင်းရှိ မှိုပိုးများကို သေစေနိုင်သောကြောင့် ခံတွင်း မှက်ခရု ကို ကုသရာတွင်လည်း အသုံးပြု နိုင်ပါသည်။

အနာကျက် မြန်စေခြင်း- Betadine® သည် ဘက်တီးရီးယားများကို သေစေကာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သဖြင့် ခံတွင်းအတွင်းရှိ ဒဏ်ရာများနှင့် အခြားခံတွင်းပြဿနာများအတွက် အနာကျက်ခြင်းကို လျင်မြန်စေပါသည်။

ခံတွင်းဆိုးခြင်းကို လျှော့ပါးစေခြင်း - Betadine® သည် ခံတွင်းနံ့ဆိုးကို ဖြစ်စေသော ဘက်တီးရီးယားများကို သေစေခြင်းဖြင့် ခံတွင်းနံ့ဆိုးခြင်းကို လျော့ပါးစေပါသည်။

လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေခြင်း- လည်ချောင်းနာခြင်း၏ 85% သည် ဗိုင်းရပ်စ်ပိုးမွှားများကြောင့်ဖြစ်သဖြင့် ပုံမှန် ခံတွင်းဆေးရည်များ အသုံးပြုခြင်းနှင့် မလုံလောက်ပါ။ ပုံမှန် ခံတွင်းသန့်ဆေးသည် ခံတွင်းထဲရှိ အညစ်အကြေးများကို ဖယ်ရှားရန်အတွက်သာ ထိရောက်မှုရှိပါသည်။ Anti-bacterial ခံတွင်းဆေးရည်များသည်လည်း ခံတွင်းရှိ ဘက်တီးရီးယားများကိုသာ လျှော့ချနိုင်ပြီး ဗိုင်းရပ်စ်များကို မတိုက်ထုတ်နိုင်ပါ။ BETADINE® Gargle & Mouthwash နှင့် BETADINE® Sore Throat Spray ကိုအသုံးပြုခြင်းဖြင့် ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ၊ မှိုများကို 99% ထိသေစေနိုင်သောကြောင့် လည်ချောင်းနာခြင်း၏ လက္ခဏာများကို သက်သာပျောက်ကင်းစေနိုင်ပြီး လည်ချောင်းနာခြင်းကို ထိရောက်စွာ ကုသပေးနိုင်ပါသည် ။ BETADINE® Gargle & Mouthwash နှင့် BETADINE® Sore Throat Sprayကို Streptococcal ဘက်တီးရီးယားကြောင့် ဖြစ်သော လည်ချောင်းနာခြင်းကို ကုသရန်လည်း အသုံးပြုနိုင်ပါသည်။

ထို့ကြောင့် BETADINE® Gargle & Mouthwash နှင့် BETADINE® Sore Throat Spray ကဲ့သို့သော PVP-I ပါဝင်သည့် ဆေးရည်များကို အသုံးပြုခြင်းဖြင့်  ခံတွင်းအတွင်းရှိရောဂါပိုးမွှားများကို သေစေနိုင်ပြီး  ပတ်ဝန်းကျင်မှတစ်ဆင့် ကူးစက်တတ်သော ခံတွင်းရောဂါများနှင့် ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ခံတွင်းရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ၎င်းသည် ပုံမှန်ခံတွင်းသန့်ရှင်းရေး အလေ့အထများအတွက် အစားထိုးခြင်းမဟုတ်သဖြင့် ပုံမှန်သွားတိုက်ခြင်း၊ သွားပွတ်ကြိုးထိုးခြင်းနှင့် သွားဆရာဝန်ထံ သွားရောက်စစ်ဆေးခြင်းများအပြင် ဖြည့်စွက် အသုံးပြုနိုင်ပါသည်။


Share this post



← Older Post


0 comments

Leave a comment